Company နာမည်ခံတာတွေ TT လွဲတာတွေ နဲ့ပတ်သတ်ပြီး မေးကြလွန်းလို့
Company နာမည်ခံတာတွေ TT လွဲတာတွေ နဲ့ပတ်သတ်ပြီး မေးကြလွန်းလို့ သိသလောက်ပြောပြပါမယ် ..
ကျွန်တော်တို့နိင်ငံမှာTrading နဲ့ပတ်သတ်ပြီးရူပ်ထွေးတဲ့မူဝါဒတွေများစွာ ရှိပြီး ဒိဟွဖြစ်နေတာတွေ ရှိတယ်ဆိုတာ ကျွန်တော်ပြောစရာမလိုအောင်အားလုံးသိကြပြီးဖြစ်ပါတယ် ..နိုင်ငံတကာနဲ့အရောင်းဝယ်လုပ်တဲ့နေရာမှာ အစိုးရကလဲ သူရဲ့မူဝါဒတွေ နဲ့ဘယ်လိုလုပ်ဘယ်ပုံကိုင်ဆိုပြီးလမ်းညွန်ထားကြတယ် ..GDP တွေ တိုင်းပြည်ဝင်ငွေထွက်ငွေအကြောင်းတွေတော့မပြောတော့ဘူး အများနားလည်အောင် လို့နားလည်သလိုပြောပြပေးမယ် ..TT နဲ့ LC ဆိုတာရှိတယ် ငွေပေးချေမူ System တွေပေါ့ဗျာ .တနိုင်ငံနဲ့တနိုင်ငံ Trade လုပ် ရင် ငွေပေးတဲ့ စနစ်ပေါ့
TT ဆိုတာLC ဆိုတာ
TT ဆိုတာ အလွယ်မှတ်လို့ရအောင်ပြောရရင် ( ကုန်ပစ္စည်းရောက်ပြီးမှငွေချေခြင်း) Shipper ကနေ ဥပမာနိုင်ငံခြားကပစ္စည်းပို့တယ် ပစ္စည်းရောက်မှငွေပေးမင်းကို ယုံကြည်တယ် ..
LC ဆိုတာကတော့ ( ပစ္စည်းဝယ်သူနဲ့ရောင်းသူကြားမှာ ယုံကြည့်မူမရှိတဲ့အတွက်ဘဏ် ကိုကြားခံထားပြီးငွေပို့တဲ့ စနစ်ပေါ့ ) အရင်ဆုံးသင်္ဘောတင်ထားတဲ့အထောက်အထား BL တို့ ဘာညာစာရွက်စာတမ်းတွေကို .ကြားခံထားတဲ့ဘဏ်ကိုအရင်ပို့တယ် ..စာရွက်စာတမ်းတွေမှန်ကန်ပြီ သင်္ဘောတင်ထားတာလည်းသေချာပီဆိုမှ ဘဏ်ကနေ ..Shipper တဖက်ကုန်ရောင်းသူ ကို ငွေပို့ပေးလိုက်တယ် Consignee ကတော့ ဘဏ်ထဲမှာငွေအရင်ထည့်ထားရတာပေါ့ဗျာ ..
Real TT ( အမှန်အကန် အစိုးရ သိတဲ့နည်းလမ်း )
ဒီတော့ ဒီကနေကားတစီး Japan ကနေ၀ယ်မယ်ဆိုပါတော့ ပုံမှန် TT ဆိုရင် ..Japan ကနေကားအရင်ပို့လိုက် ကားရရင်ငွေပို့ပေးလိုက်မယ် ..ဟိုဘက်ကလဲ Ok ပေါ့ ဟုတ်ပီနော် .. ကိုကဟိုဘက်ကိုငွေလွဲဖို့ အကောင့်ထဲမှာ ဒေါ်လာ ၅၀၀၀ ထည့်ထားလိုက်တယ် ..ကားတန်ဖိုးက အစိုးရက သတ်မှတ်တာနော် ၅၀၀၀ ဆိုတာ ( 1.3 တွေအတွက် ) ဒိတော့ ဟိုဘက်ကနေကုန်အမှာစာ Invoice ပို့လိုက်တယ် ..ဒီကလူကလဲ ကုန်သွယ်ရေးမှာ မှတ်ပုံတင်မူရင်းတို့ ဘဏ်မှာငွေထည့်ထားတာတို့ စတဲ့ စာရွက်တွေ ဖြစ်တဲ့Bank Statement , NRC မူရင်း , တဖက် ကုန်သည်ကပို့တဲ့ INvoice စာတာတွေနဲ့ ကားသွင်းခွင့်လိုင်စင်လျှောက်တယ် ..ကားရောက်လာပီ ..ကားရောက်ကြောင်း ထွက်ပြီးကြောင်းအထောက်ထားတွေဖြစ်တဲ့ ID ( သွင်းကုန်ကြေညာလွာ ) ကာစတန်ကနေထွက်လာတယ် .ပီးတော့ ဘဏ်ကိုပြေး ID တို့ သွင်းကုန်လိုင်စင် , BL တို့ Invoice တို့ပြပီး Japan က Company ကိုငွေလွတ်ပေးလိုက်တယ် ရော့ ၅၀၀၀ ပေါ့ ဗျာ ..ကဲပီးပြီး ..ဒါကအစိုးရလုပ်ခိုင်းတဲ့ လမ်းကြောင်း ..ဘဏ်စရိတ်တော့ပေး၇တာပေါ့ဗျာ ..
Real LC
Lc နဲ့ငွေချေမယ်ဆိုရင်ရော ရလား ရပါတယ် ..ကိုလဲသူမသိ သူလဲ ကိုယ့်မသိဆိုတော့ .Japan ကိုလှမ်းမေးတယ် LC နဲ့ငွေချေမယ် ရလားဆိုတာတော့ အိုကေ ဒါဆိုရင် ဒိဘက် MICB , MFTB , နိုင်ငံခြားနဲ့ချိတ်တက်တဲ့ဘဏ်တခုခု ကနေ LC ဖွင့် ဘယ် နိုင်ငံကဘယ် Company ကိုဖွင့် ကားဝယ်ထားပါတယ် ဘဏ်ကတာဝန်ယူပေးပါပေါ့ ဟိုဘက်ကလဲ သူရဲ့ သက်ဆိုင်တဲ့ Japan ဘက်က Bank တခုနဲ့ချိတ်ပေးလိမ့်မယ် ..အဲဒီဘဏ်ကို ဒီဘက် MICB Bank ပဲထားပေါတော့ဗျာ . MICB ကနေ ကုန်ဖိုးငွေလက်ခံရရှိပါပီပေါ့ Japan Bank ကိုလှမ်းအကြောင်းကြားမယ် Japan ကားရောင်းတဲ့သူက ကားကို သင်္ဘောတင်မယ် BL ရလာမယ် အဲဒီစာရွက်စာတမ်း BL , Invoice , Packing List , Insurance ,စတဲ့စာရွက်တွေကို .. MICB ဘဏ် ကို DHL တို့ ဘာတို့ပေါ့ဗျာ သူတို့နဲ့ပို့မယ် ဘဏ်က စာရွက်စာတမ်းတွေစုံတယ်အမှားလဲမရှိဘူးဆိုမှ ငွေကိုဟိုဘက် Japan ဘက်ကိုလွတ်ပေးလိုက်တာပေါ့ ဒီမှာတင်ပြီးသွားပါတယ် ..ဒါက LC လုပ်ပုံလုပ်နည်းပဲ ..
တကယ့် Real မှာ LC နဲ့ TT ဘယ်ဟာကောင်းလဲ မေးရင် LC ကစိတ်ချရလို့ LC ကအားသာတယ် ဟုတ်ပီနော် ..တကယ်ဖြစ်ပျက်နေတဲ့လောကကို ဆက်သွားရအောင် ...
တကယ်လုပ်နေရတဲ့ TT ( အကုန်လုံးသုံးနေကျ )
အခုလုပ်နေတဲ့နည်းကကြတော့ ..နည်းနည်း ရူပ်ပေမယ့် ပိုလွယ်တယ် ..ကိုယ်ကကားသွင်းမယ်ဆိုတော့ .Personal Account Fec 100 နဲ့အကောင့်ဖွင့်လိုက်ရော ..ငွေမထည့်သေးဘူး ..ထားလိုက် ..ကားဝယ် ကြိုက်တဲ့ကားတွေ့ပီဆိုတော့ .Japan က TT ကိုလက်ခံလို့လား ကားရောက်မှငွေပေးမယ်လေ ရဘူးလားဆိုတော့ ဟိုဘက် No .မရဘူး ( ဖြည်းဖြည်းပြောပါ လန့်တောင်လန့်တယ် ) ဒါဆို ကိုက ငွေအရင်ပို့ရတော့မယ် ..ကိုကလဲ Japan အခြမ်းကလူကိုမသိဘူး .ရပါတယ်လွဲလိုက် ..ပိုက်ဆံပို့မှကားရောက်မှာဆိုတော့ ငွေကိုအရင် ဟွန်ဒီနဲ့ .စွန့်စွန့်စားစားနဲ့ပို့လိုက်ပါလေရော ..
ဟွန်ဒီကို ကျွန်တော်တို့လောကမှာတော့အဝေးလွဲတယ်လို့ခေါ်တယ်ဗျ .အဝေးဈေးဆိုတာလဲ ရှိသေးတယ်ဆိုပါဆို့ဗျာအပြင်မှာ ဒေါ်လာဈေး ၉၃၀ လောက်ပေါက်ရင် အဝေးဈေးဆိုတာက ၉၃၅ - ၉၅၀ လောက် ယူကြတာပဲ ဘာလို့ဟတာလဲဆိုတော့ သူက စင်ကာပူ ဘဏ်မှာ အကောင့်ဖွင့်ထားတယ် ငွေထည့်ထားရတယ် ဒိတော့ သူ့စိတ်ကြိုက်ရောင်းတာပေါ့ ..အခြားနိုင်ငံခြားဘဏ်တခုခုမှာ ငွေလွဲကြည့်ပါလား ပြစမ်းစာရွက်စာတမ်းတွေ ..TT လားဘာလားရစ်နေတော့အဝေးသမားတွေဆီ .၉၅၀ လောက် နဲ့ဝယ်ပီးလွဲလိုက်တာပေါ့ ဘဏ်ဖြတ်ခဆိုတာလဲ ရှိသေးတယ်လေ Earning လို့လဲခေါ်တယ် .ဒီလူတွေကငွေတွေကဘယ်ကရလဲဆိုတော့ .Export လုပ်လို့ပေါ့ Export သမားတွေဆီကငွေပြန်ဝယ်ထားတာလေ ပေါက်တယ်နော် ..
ပြန်ဆက်ရအောင် Earning ၀ယ်ပြီး ငွေလွဲလိုက်ပါတယ် ..ကားရောက်ဖို့ကတော့စိတ်ချရပါပီ .ဒါနဲ့လိုင်စင်လျှောက်ဖို့ ခက်ပါပီ .ဒီတော့ အရင်လမ်းဟောင်းတိုင်း ဒေါ်လာ ၅၀၀၀ ၀ယ်ပြီး ဘဏ်မှာအထည့်ပြလိုက်တာပေါ့ ၅၀၀၀ လောက်ကတော့ပေါပါတယ် ဘဏ်ကနေငွေပေါက်ဈေးတိုင်းသွင်းပီးထည့်ပေါ့ ဒါမှမဟုတ်လဲ Company သမားတွေဆီက ငွေဝယ်ပေါ့ ဗျာ ပီးတော့ Account Transfer လုပ်ပေါ့ ၅၀၀၀ ထည့်ပီးပြီဆိုတော့ Bank statement ရပီ .ဒီတော့လိုင်စင်လျှောက်တော့
သွင်းကုန်လိုင်စင်လျှောက်ပီဆိုတော့ Shipper ( တဖက်ကုန်ရောင်းသူ ) နာမည်ကို ဘယ်နာမည်နဲ့လုပ်မလဲ Japan နာမည်လုပ်မှာလား လုံးဝမရဘူးဆရာ .အဆင့်အားလုံးပီးရင်သေချာပေါက်ငွေပြန်လွဲရမှာလေ Japan Company ခံလိုက်ရင်နောက် TT လွဲဆိုရင် ၂ခါပေးဖြစ်သွားပေါ့ ဟူတ်တယ်မလား ( ဒီလောက်တော့မတုန်းပါဘူးနော် ) ဒီတော့ TT လုပ်ဖို့ Company နာမည်ခံခိုင်းရတော့မယ် .ဘယ်ရမလဲ Singapore မှာမြန်မာ Company တွေတပုံကြီးဒီတော့ .ဒီကနေချိတ်လိုက် မင်း Company နဲ့ ငါလိုင်စင်လျှောက်လိုက်မယ် ငွေလဲလွဲပေးမယ် ..အိုကေလားဆို Ok ပေါ့ ပစ္စည်းထုတ်ပီး ရင်ဘဏ်ထဲထည့်ထားတဲ့ Company ဆီ ငွေပြန်ထုတ်လိုက်ပေါ့ ကဲမပိုင်ဘူးလား ..ဟိုဘက် Japan ဘက်ကိုလည်း Shipper နေရာမှာ ငါပြောတဲ့ Singapore က Company နာမည်ကိုထည့်လို့ပြောဖို့မမေ့နဲ့ ..အလုပ်တယ်ဆိုတာ .အားလုံး one set .ပိရိသေသပ်ရမယ်လေ ..နောက်ဆို စာရွက်စာတမ်းတွေကမှားနေမှာပေါ့ ..Japan ကပို့လိုက်တဲ့BL က Singapore က Shipper ကြီးနဲ့ .မမိုက်ဘူးလား ..ဟုတ်ဟုတ်မဟုတ်ဟုတ်ဗျာ ..ဟုတ်တယ်မလား ..ဟုတ်လိုက်ပါ ..
LC ပိုင်းကတော့ အောက်လမ်းနည်းတွေမပြောတော့ပါဘူး သဘောတရားတူတူပဲလေ ..
ဒါဆိုရူပ်နေတာပဲနော်လို့ ဖတ်နေတဲ့လူမညီးပါနဲ့ Fake TT ကအဆင်ပြေဆုံးပါ ..ဘာတွေပြေလဲပြောပြမယ် ..
Invoice ဖောက်ရတာလဲ ဒိမှာအဆင်ပြေတယ် ..
ပီးတော့ငွေထည့်တာတိတိကျကျထည့်နိုင်တယ် ၀ယ်ဈေးက ၇၆၀၀ ဗျာ အစိုးရသတ်မှတ်ဈေးက ၅၀၀၀ ..ဆိုတော့စာရင်းမကိုက်ဘူးလေ .၅၀၀၀ ကို Real TT လုပ် ရင်တော့ ၂၆၀၀ ကတော့ အဝေးပြန်လွဲရမှာပဲလေ ..ဟိုဘက်ကလဲ ပစ္စည်းရောက်မှငွေပေးတာကိုလက်မှမခံတာ ..ကြိုပေးဆိုတော့
LC ကြီးဖြစ်သွားမှာပေါ့ဟုတ်တယ်မလား .ပိးတော့ LC နဲ့လက်ခံ ရင်တောင် ဒီဘက် က တဖက်နိုင်ငံ Bank ကို ကြိုပြောအုံးစာရွက်စာတမ်းလာအုံးဘာအုံးညာအုံးနဲ့တော်တော်ကြာတာကို အမှားရှိရင်ဟိုဘက်ကို စာရွက်တွေ အကုန်ပြန်ပို့ဘာပို့ ညာပို့ LC ကြေးကလဲပေးရအုံးမယ်လေ ..ပိုက်ဆံပိုကုန်တာကိုဘယ်သူမှမနှမြောပါဘူးအရင် MICB , MFTB မှာ LC ဖွင့်တာဘယ်လောက်တိုင်ပတ်လဲဆိုတာ ..Trading လုပ်ဖူးသူတိုင်းနားလည်တယ် ..ငွေအမောင့်များရင်များသလို့အချိန်ကြာတာရယ် စားပွဲတွေပတ်ပြီးဒူဝေေ၀လုပ်နေရတဲ့ ဒုက္ခတွေကိုခံစားဖူးလို့ LC စနစ်ဘယ်လောက်ပဲ သေအောင်ကောင်းကောင်း .ဘယ်သူမှမလုပ်ချင်ကြတော့တာလဲမစမ်းပါဘူး ..ဒီလိုတွေရှိခဲ့လို့လဲ TT စနစ်ကလုပ်ရတာကောင်းတယ်လို့ပြောနေကြာတာပေါ့
.အခုဟာက မြွေလဲမသေတုတ်လဲမကျိုး ..အဆင်ပြေသလိုလုပ်လို့ ရတယ် ..Bank ထဲငွေထည့်ခတို့ Shipper ဌားခ TT လွဲခကလဲ .အားလုံး တပြိုင်တည်းလုပ်ပေးတဲ့ Services တွေမှပုံလို့ ..၅ သိန်းကနေ ၇ သိန်းထိ ..ကိုယ်တောင်ငွေဆိုက်စရာမလိုဘူး အကုန်ရှိနေတာပဲ ..ဒါကြောင့် ဒိစနစ်ကိုရွေးချယ်ကြတာပဲ..
တကယ်တော့ဒီလိုဖြစ်ရတာ ဘဏ်တွေ ရဲ့အားနည်းချက်တွေကြောင့်ပဲ မလိုအပ်ပဲ အချိန်တွေကုန်တာရယ်အပိုစရိတ်တွေများတာရယ် .ကြိုးနီစနစ်တွေကြောင့် .Trading သမားတွေဟာ LC ကိုတော်တော်လေးလန့်သွားကြတယ် ..Export သမားတွေကတော့ LC စနစ်နဲ့သာအဆင်ပြေပါတယ်မဟုတ်ရင် ဟိုဘက်ကဘတ်သွားရင်ဘယ်လိုလုပ်မလဲ ..Import သမားတွေကတော့ Lc ဆို ရင်ဟင့်အင်းပဲ ပိးတော့တော်တော်များများက TT နဲ့ပဲလက်ခံကြတာများတော့ TT လုပ်ကြတာပေါ့ .သွင်းကုန်သမားတွေအစည်းဝေးမှာ မေးတယ် ကုန်သွယ်မူမြန်ဆန်အောင်ဘာလျှော့ချသင့်လဲဆိုတော့အားလုံးက LC အစား TT နဲ့လုပ်ချင်ပါတယ်တဲ့လေ အဲဒိထဲက TTဖြစ်သွားတာပဲ ...
အခုလဲကြည့် Asaia Green Bank တို့ CB တို့ KBZ , ဧရာဝတီ Bank တို့ ကနိုင်ငံခြားဘဏ်တွေလို LC လုပ်လို့ ရပီ TT လုပ်လို့ ရပီ သို့သော်လည်း ဒီအကြောင်းတွေကို သေချာနားလည်တဲ့သူကခပ်ရှားရှားဆိုတော့ လုပ်ရ ကိုင်ရတာ အားမရသေးပါဘူး ..အခုကားတွေ သွင်းတယ် ဘယ်လိုလူလယ်ကြလဲဆိုတော့ ..ဘဏ်ထဲကို ငွေ ၅၀၀၀ ထည့် Bank statement ပြပီးလိုင်စင်လျှောက်တယ် .လိုင်စင်လဲကျပီးရော ..ကားမသွင်းဖြစ်ပါဘူးဆိုပီး ၅၀၀၀ ကိုပြန်ထုတ်လိုက်တယ် ဒီတော့ TT လွဲစရာမလိုတော့ဘူးလေ ..ဒီလိုတွေလုပ်လာကြတယ် အစိုးရက TT လွဲပါဆိုပီး ..အခုဆိုပြန်ပီးစီစစ်တာတွေ ရှိလာတယ် ..မသွင်းဖြစ်ဘူးဆိုတာသေချာမှငွေပြန်ထုတ်ပေးတယ် ..စီးကူးကနေ မသွင်းဖြစ်ကြောင်းထောက်ခံချက်ပေါ့ ..
ကျွန်တော်ဖြစ်စေချင်တာကတော့ ..ဒီလောက်ထိဘာလို့လိုက်လုပ်နေကြတာလဲ လွဲလွဲမလွဲလွဲပေါ့ဘာဖြစ်လဲ ..အဲလိုမေးလိုက်တော့မင်းကနားမလည်ဘူးလား တိုင်းပြည်ဆိုတာ ၀င်ငွေထွက်ငွေရှိတယ်ဘာညာနဲ့လာပြောမှာပေါ့ .ပြောလဲပြောပေါ့ဗျာ .တကယ်ဆို ..ကားတစီးသွင်းရင် .ကုန်သွယ်ခွန် ..သွင်းကုန်ခွန် ..ကညနခွန် ဆောင်ပေးနေတာပဲ ..TT မဖြစ်မနေလွတ်ဆိုတော့လဲ ..လွတ်ရမှာပေါ့ဒိတော့ စင်ကာပူ Company တွေကိုပြန်လွဲဒိကနေပြန်ထုတ်ဘာလုပ်မှာလဲ ..ဘာလုပ်မှာလဲအခွန်လဲ ရပီးသားပဲဟာကို Bank Charges တွေ ပိုကုန်တာပဲ ရှိတယ် ..ဘာမှထူးမလာဘူးအလုပ်တောင်ပိုသေးတယ် .မသိချင်ယောင်ဆောင်နေလိုက်ပေါ့ ..ဟုတ်ဘူးလား ..စေတနာရှိတယ်ဆိုရင်ပါ ..ဒိလိုအရူပ်ကြီးကို ဘယ်လိုရှင်းကြမလဲ .. .ကုန်သွယ်ခွန် ..သွင်းကုန်ခွန် ..ကညနခွန် လဲဆောင်နေတာပဲလေ ..သွင်းတဲ့သူတွေကိုဒီလောက်တော့လွတ်လပ်ခွင့်လေးပေးလိုက်ပါ့ .
အဲလိုပေးလိုက်တဲ့အတွက် ၅ သိန်း ၇ သိန်းလောက်ပေးစားနေရတာကနေ သွင်းတဲ့သူတွေ ၃ -သိန်း လောက်သက်သာသွားနိုင်တယ်လေဗျာ..အကောင့်ထဲမှာ ၅၀၀၀ ရှိမှတို့ဘာတို့လိုက်ပြောနေစရာမလိုဘူး ..ရှိလို့သွင်းတာပေါ့ဗျာမရှိရင်သွင်မလား .ကဲ .အခွန်ကောက် တာများလစ်ဟင်းသွားလို့လားမရှိပါဘူး ..ပေးနေရာတာပဲလေ ..နည်းလမ်းတော့မကျဘူးပေါ့ဗျာ ..လုပ်ချင်ရင်ပြောပါတယ် ..ကိုယ်တကယ်ဖြစ်စေချင်တာကတော့ နည်းလမ်းလဲကျ .မြွေလဲမသေတုတ်လဲမကြိုးနည်းလမ်းလေးများမရှိဘူးလား ။။။။?
ကိုနေစေး
ဒီဆောင်းပါလေးနဲ့ပတ်သတ်ပြီးဆွေးနွေးချင်တယ်ဆို ရင် ..
No comments:
Post a Comment