အထူးဝန်ဆောင်မှု

သင့်လုပ်ငန်းအစစအရာရာ အဆင်ပြေစေဖို့ အကောင်းဆုံး ၀န်ဆောင်ပေးနေတဲ့ Custom ရှင်းလင်းရေးအဖွဲ့လေးပါ!
သင့်စိတ်တိုင်းကျဆောင်ရွက်ပေးနေပါတယ်....

Monday, 28 July 2014

အကောက်ခွန်က ကားတင်သွင်းမှုဒဏ်ကြေး ပြောင်းလဲ၊ ပါမစ်ပါ မော်ဒယ်နှစ်ထက် နှစ်နှစ်နိမ့်လျှင် ကားသိမ်းမည်



ကားပါမစ်နောက်ဆက်တွဲသတင်းများ..


ကားတင်သွင်းမှုဆိုင်ရာ အကောက်ခွန်ဒဏ်ကြေး ပြောင်းလဲထားရာ ပါမစ်ပါ မော်ဒယ်နှစ်ထက် နှစ်နှစ်နိမ့်ပြီး တင်သွင်းလျှင်ကားကို သိမ်းဆည်းသွားမည်ဖြစ်သည်ဟု အကောက်ခွန်ဦးစီးဌာနက ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 




အကောက်ခွန်ဦးစီးဌာန၏ ဇွန်လ ၁၇ရက်တွင် ထုတ်ပြန်သည့်ရုံးတွင်းညွှန် ကြားချက်(၁၁/၂၀၁၄)ကို ပြန် လည်ပြင်ဆင်ခြင်းဖြစ်ပြီး မော်ဒယ်/နှစ် ခွင့်ပြုသည့် သတ်မှတ်ဘောင်ထက် အနိမ့်တင်သွင်းလာခြင်းနှင့် ပတ်သက်၍ ပြစ်ဒဏ်များကို တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 



အဆိုပါသတ်မှတ်ချက်သည်လာမည့် အောက်တိုဘာ ၁ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ရာ ကားတင် သွင်းခွင့်ပါမစ် လျှောက်ထားသောခုနှစ်ထက် တစ်နှစ်နိမ့်ပါက ဒဏ်ကြေးအဖြစ် CIF တန်ဖိုး၏ လေးပုံ တစ်ပုံပေးဆောင်ရန် သတ်မှတ်ပြီးပါမစ် လျှောက်ထားသောခုနှစ်ထက် နှစ်နှစ်နိမ့်ပါက ကားကို သိမ်းဆည်း မည်ဖြစ်သည်။ 



လက်ရှိဒဏ်ကြေးနှုန်းထားမှာ တစ်နှစ်နိမ့်ဆိုပါက ဒဏ်ကြေးကင်းလွတ်ခွင့်ပြုထားပြီး နှစ်နှစ်နိမ့်ပါက CIF တန်ဖိုး ထက်ဝက်ကောက်ခံသည်။ ထို့အတူ သုံးနှစ်နိမ့်ဆိုပါ က CIF တန်ဖိုးအတိုင်း ဒဏ်ကြေးပေးဆောင် ရမည်ဖြစ်ပြီး လေးနှစ်နိမ့်ဆိုပါက ကားကိုသိမ်းဆည်းသည်အထိ အရေးယူနေခြင်းဖြစ်ရာ ယခု အကောက် ခွန်ဦးစီးဌာန၏ ဒဏ်ကြေးပြင်ဆင်သတ်မှတ်မှုသည် ယခင်ကထက် ပြင်းထန်နေသည်။ 



မြန်မာနိုင်ငံတွင်ကား၏ မော်ဒယ်ခုနှစ်ကို သတ်မှတ်ရန် Chassis No သို့မဟုတ် Vin Code No ဖြင့် စစ် ဆေးခြင်းဖြစ်ပြီး ဂျပန် နိုင်ငံတွင် ကား၏မော်ဒယ်ကို ပထမဦးဆုံး လိုင်စင်မှတ်ပုံတင်သည့်ခုနှစ်ဖြင့်သတ် မှတ် ဖော်ပြခြင်းဖြစ်သောကြောင့် အခက်အခဲများဖြစ်နိုင်သည်ဟု ကားတင်သွင်းရောင်းချနေသည့် လုပ်ငန်း ရှင်များက ဆိုသည်။ 



ထိုသို့ ဂျပန်နိုင်ငံမှ ကားထုတ်လုပ်သည့် ခုနှစ်နှင့် လိုင်စင်ဝင်သည့် ခုနှစ်လွဲနေသည့် ကားမျိုးတင်သွင်းမိပါ က မြန်မာအကောက်ခွန်ဦးစီးဌာနက Chassis No နှင့်သာ စစ်ဆေးမည်ဖြစ်ခြင်းကြောင့် အချို့ကားများ လေလံစာရွက်ပါ မော်ဒယ်ထက်တစ်နှစ်နိမ့်ပါက ဒဏ်ကြေးပေးဆောင်ရတော့မည်ဖြစ်သည်ဟု Distinct Trading Co., Ltd မှ ကိုထွဋ်ထိပ်က ပြောသည်။ 



“ အဲဒါမျိုးကိုလာမယ့် အောက်တိုဘာမှာဆို 1 year down အဖြစ်သတ်မှတ်ပြီး ဒဏ်ကြေးဟာ CIF ရဲ့ လေးပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း) ပေးဆောင်ရပါတော့မယ်။ နားမလည်လို့ပဲဖြစ်ဖြစ်၊ မှားယွင်းသွား လို့ပဲ ဖြစ် ဖြစ် ကံဆိုးလွန်းပြီး 2 years down ဖြစ်သွားလို့ကတော့ ပေါ်လစီသစ်အရ ကားပါအသိမ်း ခံရပါတော့မယ် ” ဟု ၎င်းက ဆိုသည်။ 

Ref:mizimanew

No comments:

Post a Comment

Popular Posts