ပြည်ပမှ တင်သွင်းခွင့်ပြုသော မော်တော်ယာဉ်များ၏ ထုတ်လုပ်သည့်ခုနှစ် Model Year သတ်မှတ်ခြင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ပနိုင်ငံထုတ် မော်တော်ယာဉ်များ တင်သွင်းခွင့် ပြုရာတွင် မော်တော်ယာဉ် အမျိုးအစားအလိုက် ထုတ်လုပ်သည့် ခုနှစ် သတ်မှတ်၍ တင်သွင်းခွင့် ပြုလျှက်ရှိရာ ၂၀၁၄ ခုနှစ် ပြက္ခဒိန် နှစ်အတွင်း လူစီး မော်တော် ယာဉ်များ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များနှင့် ယန္တရား ယာဉ်များကို အောက်ဖော်ပြပါ တင်သွင်းခွင့် ပြုသည့် စနစ်များအတိုင်း ယာဉ်အမျိုး အစားနှင့် ထုတ်လုပ်သည့် ခုနှစ်များကို သတ်မှတ်၍ ခွင့်ပြုသွားမည် ဖြစ်ပါသည် -
(၁) ယာဉ်အို / ယာဉ်ဟောင်း အစားထိုးယာဉ် လျှောက်ထားမှု (Consiment စနစ်) အပါအဝင်
( က ) လူစီးမော်တော်ယာဉ်များ (၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း)
( ခ ) ၁၃၅၀ စီစီနှင့် အောက် လူစီးယာဉ်များ (၂၀၀၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)
( ဂ ) ကုန်တင်ယာဉ်များ (၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း)
( ဃ ) ခရီးသည်တင် ယာဉ်များ (၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း)
(၂) နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော လူပုဂ္ဂိုလ် တစ်ဦးချင်း၊ ပို့ကုန် သွင်းကုန် ကုမ္ပဏီများ၊ နိုင်ငံခြားရေး ဝန်ထမ်းများ၊ သင်္ဘောသားများ၊ ပြည်ပ အလုပ်သမားများ၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်သံဝန်ထမ်းများ၊ ဟိုတယ် / ခရီး လုပ်ငန်းရှင်များ မော်တော်ယာဉ် လျှောက်ထားမှု -
( က ) လူစီး မော်တော်ယာဉ်များ (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)
( ခ ) ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)
( ဂ ) ကုန်တင်ယာဉ်များ (၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)
( ဃ ) ခရီးသည်တင် ယာဉ်များ (Express) (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း) (ဘယ်မောင်း)
( င ) ခရီးသည်တင်ယာဉ်များ၊ မြို့တွင်း ပြေးဆွဲယာဉ်များ (Mini Bus / Ciyt Bus) (၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်
အတွင်း) (ဘယ်မောင်း)
(၃) တိုင်း / ပြည်နယ် ဒေသကြီး အစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် Taxi လျှောက်ထားမှု -
( က ) လူစီး မော်တော်ယာဉ်များ (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)
(၄) ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ်ပါမစ် လျှောက်ထားမှု)
( က ) လူစီး မော်တော်ယာဉ်များ (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)
( ခ ) လုပ်ငန်းသုံး ယန္တရားများ (၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)
( ဂ ) မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်များ (၁၉၉၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)
မှတ်ချက်။ နိုင်ငံတော်အတွက် လှူဒါန်းသည့် မီးသတ်ယာဉ်နှင့် လူနာတင် ယာဉ်များအတွက် သတ်မှတ်ထားသည့် Model Year အောက် လျှောက်ထားပါက တင်သွင်းခွင့် လိုင်စင် / ပါမစ် ရရှိရေး
တင်ပြ ဆောင်ရွက်ပေးပါမည်။
( ဃ ) “သာ”နံပါတ်ဖြင့် ခွင့်ပြုယာဉ်များ (၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)
( င ) ခရီးသည်တင် ယာဉ်များ၊ မြို့တွင်း ပြေးဆွဲယာဉ်များ (Mini Bus/Ciyt Bus) (၂၀၀၄ ခုနှစ်မှ ၂၀၁၄
ခုနှစ်အတွင်း) (ဘယ်မောင်း)
( စ ) ခရီးသည်တင် ယာဉ်များ၊ (Express) (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း) (ဘယ်မောင်း)
(၅) အစိုးရဌာနများမှ မော်တော်ယာဉ် လျှောက်ထားမှု -
( က ) လူစီး မော်တော်ယာဉ်များ (၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)
( ခ ) လုပ်ငန်းသုံးယာဉ်၊ ခရီးသည်တင်၊ ကုန်တင်ယာဉ်၊ ယန္တရားများ (၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)
Ref:http://www.commerce.gov.mm/
No comments:
Post a Comment